Friday, May 31, 2013

စာများကို အမျိုးအစား အလိုက် အုပ်စုဖွဲ့ပေးမည့် tabs များ ပါဝင်လာမည့် Gmail ပုံစံသစ်

web နှင့် မိုဘိုင်း အသုံးပြုသူများ အတွက် နေ့စဉ် ၀င်ရောက်လာသည့် စာများကို အကြောင်းအရာအလိုက် ခွဲခြား သိမြင်နိုင်ရန်
Gmail ၏ ပုံစံကို ပြောင်းလဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။ Gmail ၏ inbox အသစ်သည် ၀င်ရောက်လာသည့် စာများကို အကြောင်းအရာ အလိုက် ကွဲပြား ခြားနားသည့် tabs များဖြင့် ဖေါ်ပြပေးမည် ဖြစ်သည်။ ထိုကဲ့သို့ အကြောင်းအရာအလိုက် tabs များမှာ Primary ၊ Social ၊ Promotions နှင့် Updates စသည်တို့ ဖြစ်ကြောင်း သိရသည်။

ဥပမာ Primary အမည်ရှိ tab တွင် သင်၏ လုံးဝလက်လွှတ်၍ မရသော အရေးကြီးသည့် စာများကို လက်ခံပေးမည် ဖြစ်သည်။ လူမှုရေး စာမျက်နှာများ ဖြစ်သည့် Google+ နှင့် YouTube တို့ထံမှ Updates များသည် social tab တွင် ပေါ်နေမည် ဖြစ်ပြီး ၊ အသုံးပြုသူများသည် သက်ဆိုင်ရာ ၀က်ဘ်စာမျက်နှာများသို့ သွားရောက်ရန် မလိုအပ်ပဲ အဆိုပါ tab မှတဆင့် comment များ ရေးသားနိုင်မည် ဖြစ်သည်။ အလားတူ promotions and offers၊ updates နှင့် bills and receipts စသည့် tabs များစွာ ပါဝင်လာမည် ဖြစ်သည်။ အသုံးပြုသူသည် inbox အသစ်အား မိမိစိတ်ကြိုက် ပြင်ဆင် တည်းဖြတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

http://ibnlive.in.com/news/google-revamps-gmail-adds-tabs-to-group-your-...

အင်ဒိုနီးရှားနိုင်ငံတွင် ဆိုင်ဘာတပ်ဖွဲ့ ဖွဲ့စည်းကာ နိုင်ငံတော်၏ လုံခြုံရေးအား ကာကွယ်သွားမည်

နည်းပညာ ဖွံ့ဖြိုးလာခြင်းသည် တစ်ဖက်တွင် အားသာချက်များစွာ ရှိပြီး တစ်ဖက်တွင်လည်း နည်းပညာဖြင့် မကောင်းမှုများ ကျုးလွန်လာသည့်
စိန်ခေါ်မှုများကိုလည်း ကြုံတွေ့လာရသည်။ ယခုအခါ အမေရိကန် နိုင်ငံ အပါအ၀င် နိုင်ငံများစွာ၌ ဆိုက်ဘာ တိုက်ခိုက်မှုများ တိုးမြှင့် ဖြစ်ပွားလျက်ရှိလာရာ အင်ဒိုနီးရှား နိုင်ငံမှလည်း ဆိုင်ဘာ ကာကွယ်ရေး တပ်ဖွဲ့ "cyber army"ကို ဖွဲ့စည်းသွားရန် စီစဉ်နေကြောင်း သိရသည်။

နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိန်းသိမ်းရန် နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်နိုင်ဖွယ် ရှိသော နိုင်ငံ၏ အင်တာနက် ဝက်ဘ်ဆိုက်များအား ၀င်ရောက် နှောင့်ယှက်သည့် ဟက်ကာများ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ဆိုင်ဘာတပ်ဖွဲ့ဟု ခေါ်သော အထူးတပ်ဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းသွားမည် ဖြစ်သည်။ ထို့အပြင် အဆိုပါ ဆိုင်ဘာ တပ်ဖွဲ့၏ စစ်ဆင်ရေးကို တရားဝင် ဖြစ်စေရန်အတွက် ဥပဒေ တစ်ရပ်ကိုလည်း ပြဋ္ဌာန်းသွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီးဌာနမှ ထိပ်တန်း အရာရှိ M. Hutabarat က ပြောကြားခဲ့သည်။

http://www.business-standard.com/article/news-ians/indonesia-to-create-i...



Samsung ၏ Galaxy S4 Mini ကုန်ပစ္စည်းအသစ် ဈေးကွက်တွင် မိတ်ဆက်

တောင်ကိုးရီးယား နိုင်ငံ အခြေစိုက် မိုဘိုင်းဖုန်း ကုမ္ပဏီ တစ်ခုဖြစ်သော Samsung လျှပ်စစ်ပစ္စည်း ကုမ္ပဏီသည် သာမန်ဖုန်းများထက်
ပိုမို ပါးချလိုက်သည့် Galaxy S4 "Mini" ကို ဈေးကွက်တွင် ပြသလိုက်ပြီ ဖြစ်သည်။ အဆိုပါ ကုန်ပစ္စည်း အသစ် Galaxy S4 "Mini" သည် ၄.၃ လက်မသာ ရှိပြီး အလေးချိန် ၁၀၇ ဂရမ်ရှိကာ အလွယ်တကူ သယ်ယူနိုင်ပြီး လက်တစ်ဖက်တည်းဖြင့် ကိုင်ကာ ဖုန်းအတွက် လုပ်ဆောင်ချက် အားလုံးအား ကိုင်တွယ် လုပ်ဆောင်နိုင်ကြောင်း ကုမ္ပဏီ၏ ဖော်ပြချက်တွင် ပါရှိသည်။

Samsung ပရိသတ်များကို ရွေးချယ်မှု ပိုမိုလာစေရန် ဆန္ဒဖြင့် Galaxy S4 mini ကို ထုတ်လုပ်ခြင်း ဖြစ်ကြောင်း၊ ဧပြီလ (၂၆)ရက်နေ့တွင် ဈေးကွက်ထဲ ရောက်ရှိခဲ့သည့် Galaxy S4 ထက် ပိုမိုကျစ်လျစ်ပြီး စွမ်းဆောင်ရည်လည်း မြင့် မားကြောင်း Samsung ကုမ္ပဏီ၏ IT &mobile communication ဌာန အကြီးအကဲ J.K. Shin မှ ပြောကြားခဲ့သည်။ အသစ် ထုတ်လုပ်လိုက်သည့် Galaxy S4 "Mini" တွင် 1.7GHz dual core processor ၊ 8.0-megapixel ကင်မရာတို့ ပါဝင်ပြီး ဈေးနှုန်းနှင့် စတင်ရောင်းချမည့် နေ့ရက်ကို အတည်မပြု သေးကြောင်း သိရသည်။

သက်တမ်း အရင့်ဆုံးသော ငှက်သဏ္ဍာန် ဒိုင်နိုဆောအား သိပံ္ပပညာရှင်များ တွေ့ရှိ

နှစ်သန်းပေါင်း (၁၆၀) သက်တမ်းရှိသည့် ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုအား တရုတ်နိုင်ငံ တောင်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ပါသည်။
ထိုရုပ်ကြွင်းက ဒိုင်နိုဆောများသည် ငှက်အသွင်ဖြင့် စတင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ညွှန်ပြနေသည်ဟု သိပံ္ပပညာရှင်များက ပြောကြားခဲ့ပါသည်။

ဒိုင်နိုဆောများ ရှိနေသည့် ကြားထဲတွင်မှ မည်သည့် အချိန်တွင် ငှက်များသည် ပထမဦးဆုံး အနေဖြင့် ပေါ်ထွက်လာသလဲ ဆိုသည်မှာ အငြင်းပွားဖွယ်ရာ တစ်ခု ဖြစ်ခဲ့သည်။ ယခု တွေ့ရှိချက်သည် ငှက်များ၏ ဇစ်မြစ်နှင့် အခြားသော သတ္တ၀ါများ၏ မူလအစ ဇစ်မြစ်တို့သည် ငှက်သတ္တ၀ါနှင့် အလွန် ဆက်စပ်နေလျက် ရှိကြောင်း Natural History Museum of Los Angeles မှ ကျောရိုးဆိုင်ရာ ပညာရှင် Luis Chiappe က ပြောကြားခဲ့ပါသည်။

အများပြည်သူ အင်တာနက် အသုံးပြုခွင့် ကန့်သတ်ချက်များ လျှော့ပေါ့သွားမည့် ကျူးဘားနိုင်ငံ

ကျူးဘားနိုင်ငံ အစိုးရသည် အများပြည်သူ အင်တာနက် အသုံးပြုခွင့်ကို များမကြာမီ တိုးမြှင့်ပေးမည် ဖြစ်သော်လည်း၊
အိမ်တွင်း အင်တာနက် အသုံးပြုခွင့်ကိုမူ ကန့်သတ်ထားဦးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇွန်လ (၄) ရက်နေ့မှ စတင်ကာ အင်တာနက် အသုံးပြုရန်နေရာ (၁၁၈) ခု သတ်မှတ်ပေးခဲ့ပြီး ၊ တစ်နာရီ အသုံးပြုခ (၄.၅) ဒေါ်လာ သို့မဟုတ် (၃) ပေါင်ခန့် သတ်မှတ်ကောက်ခံမည် ဖြစ်သည်။ ကျူးဘားနိုင်ငံတွင် တစ်လပျမ်းမျှ ၀င်ငွေ (၂၀) ခန့်သာ ရရှိကြပြီး ၊ ကမ္ဘာပေါ်တွင် အင်တာနက် အသုံးပြုခွင့် အနိမ့်ဆုံး နိုင်ငံများအနက် တစ်ခုဖြစ်သည်။ ကျူးဘား နိုင်ငံသား အများစုသည် အလုပ်ခွင် ၊ ကျောင်း သို့မဟုတ် ဇိမ်ခံဟိုတယ်များတွင်သာ အင်တာနက် ဆက်သွယ်နိုင် ကြမည် ဖြစ်သည်။

http://www.bbc.co.uk/news/world-latin-america-22696637

Google Glass သည် လူကြိုက်များရန် မလွယ်ကူကြောင်း Apple CEO ပြောကြား

ရှာဖွေမှု အင်ဂျင် ကုမ္ပဏီကြီး Google ၏ ၀တ်ဆင်မှု နည်းပညာ တစ်ခုဖြစ်သည့် Google Glass သည် လူ ပြောသူပြော အများဆုံးနှင့်
ကောလဟာလ အများဆုံး ထွက်ပေါ်စေခဲ့သည့် ထုတ်ကုန်တစ်ခု ဖြစ်သည်။

သို့သော်လည်း ၄င်း၏ရှေ့အလားအလာသည် များစွာ မျှော်လင့်ထားဖွယ်ရာ မရှိနိုင်ကြောင်း Apple ၏ CEO Tim Cook က ယူဆသည်။ ခေတ်ရေစီးကြောင်းအရ ကြည့်မည်ဆိုလျှင် အဆိုပါကိစ္စသည် အလွန်ခက်ကြောင်း လူအများအပြားက ထုတ်ကုန် တစ်ခုကို ဒေါ်လာ (၁၅၀၀) ခန့် ပေးဝယ်ပြီး အသုံးပြုလိုခြင်း ရှိ/မရှိသည် ပြဿနာဖြစ်ကြောင်း ၄င်းကပြောကြားခဲ့သည်။ လွန်ခဲ့သော သီတင်းပတ် အနည်းငယ်က မျက်နှာတွင် ၀တ်ဆင်နိုင်သော ကွန်ပြူတာငယ် တစ်ခုဖြစ်သည့် Google Glass ကို လက်တွေ့စမ်းသပ် အသုံးပြုမည့် လူတစ်စုသို့ Google မှ ဖြန့်ချီပေးခဲ့သည်။

http://edition.cnn.com/2013/05/29/tech/tim-cook-speech/index.html

Samsung Galaxy S4 ကို စတင် ရောင်းချခဲ့သည့် ပထမ လအတွင်း အလုံးရေ ၁၀ သန်း ရောင်းချခဲ့ရ

Samsung Electronics သည် ၄င်း၏ နောက်ဆုံးပေါ် စမတ်ဖုန်းသစ် Galaxy S4 ကို ကမ္ဘာတစ်ဝှမ်းလုံးသို့ စတင် ကြေညာ ရောင်းချခဲ့ရာ
ဈေးကွက်တင်ပြီး တစ်လအတွင်း စမတ်ဖုန်း အလုံးရေ (၁၀) သန်း ရောင်းချခဲ့ရသည်ဟု ဆိုသည်။

၎င်းအား ဧပြီလ (၂၇) ရက်နေ့က ကမ္ဘာတစ်ဝှမ်းလုံး ဖြန့်ချီ ရောင်းချခဲ့ခြင်း ဖြစ်ကာ ခန့်မှန်းခြေ တစ်စက္ကန့်လျှင် စမတ်ဖုန်း (၄) လုံးနှုန်း ရောင်းချခဲ့ရကြောင်း သိရသည်။ သို့သော် မည်မျှပင် Samsung ၏ Galaxy S စီးရီး စမတ်ဖုန်း များ ဈေးကွက်ဝင် စန်းပွင့်သော်လည်း Apple ၏ iPhones များလောက် ရောင်းအား မကောင်းသေးကြောင်း သိရသည်။ Galaxy S4 သည် ယခင် Galaxy S စီးရီး စမတ်ဖုန်းများထက် ပိုပြီး မြန်မြန်ဆန်ဆန် ရောင်းအား တက်ခဲ့သည်ဟု ဆိုသည်။ တစ်ဖက်တွင် iPhone 5 သည် စတင် ရောင်းချခဲ့သည်မှ တစ်ပတ်အတွင်း အလုံးရေ (၅) သန်း ရောင်းချခဲ့ရပြီး ၊ ပထမ သုံးလပတ်အတွင်း iPhone 5 အလုံးရေ (၄၇) သန်းကျော် တင်ပို့ ရောင်းချခဲ့ရ ကြောင်း သိရသည်။

http://www.xbitlabs.com/news/mobile/display/20130527183103_Samsung_Sells...

ဈေးကွက်ကွန်ယက် စနစ်အား အာရုံစိုက်လာသည့် Google

Google အနေဖြင့်  ဆာဟာရ-အာဖရိက ဒေသနှင့် အရှေ့တောင်အာရှ ဒေသတို့ အပါအ၀င် တခြားသော နိုင်ငံတကာသို့
ဝါယာလက်စ် (ကြိုးမဲ့) ဈေးကွက် ကွန်ယက်စနစ် ဖြန့်ကျက် ထူထောင်နိုင်ရန် အထူး စိတ်ပါဝင်စား အာရုံစိုက်လျက်ရှိပြီး အဆိုပါ ကွန်ယက်ဆက်စပ် စီမံကိန်းများတွင် ထိထိရောက်ရောက် ပါဝင် ဆောင်ရွက်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရှိရသည်။

Google မှ တခြားတခြားသော နိုင်ငံများရှိ ဒေသတွင်း Network Company များနှင့် ချိတ်ဆက် ပူးပေါင်းကာ လိုအပ်သည့် ပံ့ပိုးကူညီမှုများပေးကာ ဈေးကွက် ကွန်ယက် ချဲ့ထွင်သွားမည် ဖြစ်သည်။ ၀ါယာလက်စ် နည်းပညာများအဖြစ် ပံ့ပိုးကူညီနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး တန်ဖိုးနည်း Android စနစ် စမတ်ဖုန်းများနှင့် မိုက်ခရို Processors သစ်များကို အသုံးပြုကာ Ecosystem တစ်ခု ဖန်တီးသွားရန်လည်း စီစဉ်သွားမည် ဖြစ်ကြောင်း ၊ အဆိုပါ စနစ်အား အောင်မြင်စွာ ဖန်တီးနိုင်ခဲ့မည် ဆိုပါက တစ်နေရာနှင့်တစ်နေရာ ကွန်ယက် ချိတ်ဆက်ရန် အတွက် မိုးပျံပူဖောင်းများ သို့မဟုတ် ဓာတ်ငွေ့ မိုးပျံယာဉ်များသာ အသုံးပြုရန် လိုအပ်မည် ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းများအား လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် ယခုအခါ Google အနေဖြင့် တောင်အာဖရိက ၊ ကင်ညာတို့ အပါအ၀င် တခြားသော နိုင်ငံများမှ တာဝန်ရှိသူများနှင့် ဆွေးနွေး ညှိနှိုင်းနေပြီ ဖြစ်ကြောင်း သိရှိရသည်။

ဝက်ဘ်ဆိုဒ်များ လွတ်လပ်ခွင့် အဖွဲ့ (Web Freedom Group) ၏ အဖွဲ့ဝင်သစ် FACEBOOK

 Facebook ကုမ္ပဏီသည် အင်တာနက် လွတ်လပ်ခွင့်နှင့် သုံးစွဲသူများ လုံခြုံမှုဆိုင်ရာ အခွင့်အရေးများ မြှင့်တင်နိုင်ရန်
ရည်ရွယ် ဖွဲ့စည်းထားသော အစိုးရ မဟုတ်သည့် အဖွဲ့အစည်း ကမ္ဘာလုံးဆိုင်ရာ ကွန်ယက် ချိတ်ဆက်မှု ကနဦး အဖွဲ့ (GNI)  ၏ အပြည့်အ၀ အဖွဲ့ဝင်အဖြစ် ယမန်နေ့က ၀င်ရောက်ခဲ့ကြောင်း သိရှိရသည်။ Facebook သည် ဒီမိုကရေစီနှင့် နည်းပညာစင်တာ ၊ သတင်းထောက်များ ကာကွယ်ရေးနှင့် အီလက် ထရွန်နစ် ဖောင်ဒေးရှင်း အစရှိသည့် IT အဖွဲ့အစည်းများ ၊ Microsoft ၊ Yahoo ၊ Google အစရှိသည့် အင်တာနက် ၀န်ဆောင်မှု ကုမ္ပဏီတို့လည်း အဖွဲ့ဝင်များ အဖြစ် ပါဝင်သည့် GNI တွင် ပထမ တစ်နှစ်တာ ကာလက လေ့လာသူ အဖြစ်သာ ပါဝင်ခွင့်ရခဲ့သည်။

ယခုကဲ့သို့ အပြည့်အ၀ အဖွဲ့ဝင်အဖြစ် တရားဝင် ၀င်ရောက်လာပြီး နောက်ပိုင်း Facebook နှင့် အတူတကွ လက်တွဲကာ ကမ္ဘာတစ်ဝှမ်း အင်တာနက် သုံးစွဲသူများအတွက် တစ်ဦး တစ်ယောက်ချင်း လုံခြုံမှုများ ၊ Network ကွန်ယက် ချိတ်ဆက်မှုများတို့နှင့် ပတ်သက်ပြီး လွတ်လပ်စွာ လုပ်ဆောင် သွားနိုင်ရန် မျှော်လင့်ကြောင်း ၊ GNI အဖွဲ့ဝင်များ အနေဖြင့် အချင်းချင်း စည်းလုံး ညီညွတ်စွာဖြင့် အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများမှတဆင့် ကမ္ဘာ့နိုင်ငံ အသီးသီး၏ နိုင်ငံရေး ၊ စီးပွားရေးနှင့် လူမှုအရေး အခန်းကဏ္ဍများ အတွက် တဖက်တလမ်းမှ ထောက်ကူပေးနေသည့် အကျိုးရလာဒ်ကောင်းများ ပေါ်ထွက် လာစေရန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း GNI အုပ်ချုပ်မှု ဒါရိုက်တာ တစ်ဦးဖြစ်သည့် Susan Morgan က ပြောကြားခဲ့သည်။ Facebook အနေဖြင့်လည်း အဖွဲ့အစည်းမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လူ့အခွင့်အရေး လွတ်လပ်မှု အပြည့်ဖြင့် အင်တာနက် ၀န်ဆောင်မှုများအား ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ပါဝင် ပူးပေါင်းသွားမည် ဖြစ်ကြောင်း Facebook မှ ဒုဥက္ကဌ Elliot Schrage ကလည်း ပြန်လည် ကတိပြု ပြောကြားခဲ့သည်။

တစ်လမပြည့်ခင် အချိန် ကာလအတွင်း ၁၀ သန်းကျော် ရောင်းချခဲ့ရသည့် Samsung Galaxy S 4 Smartphone များ

Samsung Galaxy S 4 စမတ်ဖုန်းများသည် စတင် ဖြန့်ချိ ရောင်းချခဲ့သည့် ဧပြီလ (၂၆) ရက်နေ့မှ ယနေ့အထိ အချိန်ကာလ (၁) လ မပြည့်မီကပင်
အလုံးရေ (၁၀) သန်းကျော် ရောင်းချခဲ့ရကြောင်း တောင်ကိုရီးယား Sungsung ကုမ္ပဏီမှ ပြောကြားခဲ့သည်။

ယခင် S 3 ရောင်းချစဉ်က အဆိုပါ ရောင်းအား ရရှိရန်အတွက် ရက်ပေါင်း (၅၀) အချိန်ယူခဲ့ရသည်။ S 4 အား စတင် ဖြန့်ချိ ရောင်းချစဉ်မှ စတင်ပြီး အမေရိကန် ပြည်ထောင်စုနှင့် တခြားကမ္ဘာ့နိုင်ငံ အတော်များများရှိ ဈေးကွက်များအား ထိုးဖောက်နိုင်ရန် မျှော်မှန်းထားကြောင်း ၊ အမေရိကန် နိုင်ငံထုတ် Apple အပါအ၀င် တခြား Brand ဟန်းဆက်များမှာ ဧပြီလအတွင်း ရောင်းအားများ မသိမသာ ကျဆင်းခဲ့ပြီး လက်ရှိ S4 ရောင်းအားမှာ ဈေးကွက်အတွင်း ဦးဆောင်လျက် ရှိကြောင်း Samsung ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ S 3 အား ဈေးကွက်အတွင်း စတင် ဖြန့်ချိ ရောင်းချခဲ့သည့် ၂၀၁၂ ခုနှစ် မေလမှ စတင်ကာ ယခုထိ ဖုန်းအရေအတွက် သန်း (၆၀) ခန့် ရောင်းချခဲ့ပြီး ဖြစ်သည်။

ဧ၀ရက် တောင်ထိပ်မှ ပထမဆုံး ဗွီဒီယို ခေါ်ဆိုမှု ပြုလုပ်ခဲ့သည့် HTC One

နည်းပညာ ဖွံ့ဖြိုးလာသည့် ကမ္ဘာကြီးတွင် နည်းပညာ လောက၌ ထိပ်ဆုံးရောက်ရန် အစဉ်ကြိုးပမ်းနေသည့် အချက်ကို ဖော်ထုတ်ပြသချင်သည့်
ရည်ရွယ်ချက်ဖြင့် တိုင်ဝမ် နည်းပညာ ကုမ္ပဏီဖြစ်သော HTC သည် ကမ္ဘာပေါ်မှ အမြင့်ဆုံး ထိုးထွက်နေသည့် ဧ၀ရက်တောင်ထိပ်သို့ ဗြိတိန် တောင်တက်သမား Daniel Hughes မှတစ်ဆင့် HTC One စမတ်ဖုန်းဖြင့် ဗွီဒီယိုခေါ်ဆိုမှု တစ်ရပ် ပြုလုပ်နိုင်ခဲ့သည်။

Hughes ၏ စွန်းစားခန်း စီမံချက် တစ်ခုဖြစ်သည့် ဧ၀ရက်တောင်တက်ပြီး ပေါင်တစ်သန်း ရရှိရေး စီမံချက် (Everest Million) သည် ပင်လယ်ရေမျက်နှာ့ပင် ၈,၈၄၈ မီတာ မြင့်မားသည့် ဧ၀ရက်တောင် အမြင့်စွန်း အစွန်းသို့ ရောက် ရှိရန် ဖြစ်သည်။ Hughes သည် BBC သတင်း ဌာနမှ Beeb နှင့် Youtube ဗွီဒိယိုနှင့် Tweeter တို့မှတစ်ဆင့် အင်တာဗျုး ဖြေဆိုခဲ့သည်။ ယခုအချိန်တွင် သူသည် ပေါင် ၄၀,၆၇၃ ကို ရရှိနေပြီဖြစ်ပြီး ရည်မှန်းချက် ပြည့်မှီရန် ဆက်လက် ကြိုးစားရဦးမည် ဖြစ်သည်။ သူသည် HTCOne ဖုန်းနှင့် Cobham ဒိန်းမတ် နည်းပညာ ကုမ္ပဏီမှ ပံ့ပိုးလိုက်သည့် Explorer 700 Inmarsat modem တစ်ခုတို့ဖြင့် ကမ္ဘာမြေပြင်နှင့် ဆက်သွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

Microsoft မှ ဖျော်ဖြေရေး hub အဖြစ် Xbox အသစ်ကို ထည့်သွင်းရန် အသင့်ဖြစ်ကြောင်း ထုတ်ပြန်

IT နည်းပညာတွင် ထိပ်ဆုံးမှ ပြေးနေသော Microsoft ကုမ္ပဏီမှ ယခုအခါ ဖျော်ဖြေရေး ကဏ္ဍအတွက် videogame consoles အဖြစ်
မျိုးဆက်သစ် Xbox ကို ထည့်သွင်း ပေးသွားရန် ကမ်းလှမ်းထားပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

လော့စ်အိန်ဂျလိစ်တွင် E3 videogame conference ကျင်းပပြီးနောက် ယမန်နေ့က ၀ါရှင်တန် ၊ Redmond မြို့တွင် ပြုလုပ်သည့် "Xbox Reveal" အခမ်းအနားကို ကျင်းပခဲ့သည်။ Microsoft သည် ၂၀၀၅ ခုနှစ် နောက်ပိုင်းမှစပြီး Xbox 360 consoles များ ၇၇ မီလီယံနီးပါး ရောင်းချနိုင်ခဲ့ပြီး ပြိုင်ဘက် Sony မှလည်း PlayStation 3 consoles ကို Microsoft နီးပါး ရောင်းချနိုင်ခဲ့သည်။  Microsoft ကုမ္ပဏီသည် ဗွီဒီယို ဂိမ်းများအတွက် ကမ္ဘာအနှံ့တွင် အမေရိကန် ဒေါ်လာ ၆၅ ဘီလီယံကျော် အကုန်အကျခံ သုံးစွဲခဲ့သည်။ ကမ္ဘာအနှံ့မှ ဂိမ်းချစ်သူ ၁.၂ ဘီလီယံကလည်း smartphones မှ smartphones အထိ ကိရိယာ အမျိုးမျိုး နည်းအမျိုးမျိုးဖြင့် ဂိမ်းကစားခဲ့ကြကြောင်း Microsoft ကုမ္ပဏီ၏ customer service စစ်တမ်းများအရ သိရသည်။

ဗီယက်နမ် သိပ္ပံနှင့်နည်းပညာ ဌာနမှ မောင်းသူမဲ့ လေယာဉ်များကို အောင်မြင်စွာ စမ်းသပ် ပျံသန်းပြခဲ့ခြင်း

ဗီယက်နမ် အာကာသ နည်းပညာ တက္ကသိုလ်မှ ထုတ်လုပ်သော မောင်းသူမဲ့ လေယာဉ် ခြောက်စင်းကို နိုင်ငံ အလယ်ပိုင်း Lam Dong ခရိုင်
Da Lat မြို့၌ အောင်မြင်စွာ စမ်းသပ်ပျံသန်း နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ AV.UAV S2 မောင်းသူမဲ့ လေယာဉ်များအား Cam Ly military လေဆိပ်မှ ထိန်းချုပ်မှု မပါဘဲ စတင် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

အမည်မပေးရသေးသည့် အဆိုပါ AV.UAV S2 လေယာဉ်ငယ်သည် ကင်မရာဖြင့် မှတ်တမ်းတင်မှုများ ၊ ရောင်စဉ်တိုင်း ကိရိယာများအပြင် ဌာနတွင်းမှပင် တီထွင်ထားသည့် အခြား ကိရိယာများကိုလည်း တပ်ဆင်ထားကြောင်း Vietnam Academy of Science and Technology မှ ဒါရိုက်တာ Chau Van Minh မှ ပြောကြားခဲ့သည်။ အဆိုပါ မောင်းသူမဲ့ လေယာဉ် ခြောက်စင်းမှ စမ်းသပ် ပျံသန်းစဉ်အတွင်း Lam Dong ခရိုင်ရှိ ရေမျက်နှာပြင်နှင့် သစ်တော အရင်းအမြစ်ဆိုင်ရာ မှတ်တမ်းဓာတ်ပုံ ၃၀၀ ကျော်ကို ရိုက်ကူးနိုင်ခဲ့သည်ဟု သိရသည်။

http://talkvietnam.com/2013/05/vietnam-unmanned-aircrafts-successfully-t...

3G စနစ် ပါဝင်မည့် ၁၉၉ ဒေါ်လာတန် Archos 80 Xenon tablet

Archos tablet အသစ်ဖြစ်သည့် 80 Xenon ကို ဇွန်လတွင် (၁၉၉) ဒေါ်လာဖြင့် ၀ယ်ယူ ရရှိနိုင်မည် ဖြစ်သည်။ 80 Xenon တွင်
iPad Mini နှင့် ဆင်တူသော ၈ လက်မ အရွယ် IPS screen ပါရှိကာ 1,024x768-pixel resolution ဖြင့် ဖော်ပြ ပေးနိုင်သည်။

1.2GHz quad-core Snapdragon S4 ပရိုဆက်ဆာနှင့် ဂရပ်ဖစ် စွမ်းရည်အတွက် Adreno 203 ကို အသုံးပြုပေးထားသည်။ 3G (WCDMA 2100) ၊ 2G (GSM 850/900/1800/1900) နှင့် Wi-Fi ကွန်ယက် ဆက်သွယ်မှု စနစ်များကို အထောက်အပံ့ ပေးနိုင်သည်။ စက်တွင်း အချက်အလက် သိုလှောင်နိုင်မှု 4GB ၊ RAM 1GB တို့ပါဝင်ကာ 2-megapixel အနောက်ဖက် ကင်မရာ တစ်ခုပါရှိသည်။ GPS၊ Bluetooth စနစ်တို့ပါဝင်ကာ microSD card ဖြင့် အချက်အလက် သိုလှောင်နိုင်မှု 64GB ထိ တိုးချဲ့နိုင်မည် ဖြစ်သည်။ Android 4.1 စနစ်ဖြင့် မောင်းနှင်ပေးထားမည် ဖြစ်သည်။

http://reviews.cnet.com/tablets/archos-80-xenon/4505-3126_7-35762192.html

Gmail တွင် ဖိတ်စာများ အကြောင်းပြန်ခြင်းနှင့် အခြားအချက်အလက်များ ဖော်ပြပေးမည့် Quick Action ခလုတ်များ ထပ်မံထည့်သွင်းမည်

မေလ (၁၅) ရက်နေ့က Gmail အသုံးပြု ငွေလွှဲ ပို့ပေးနိုင်သည့် စနစ်ကို ထုတ်ဖေါ် ကြေညာခဲ့ပြီးနောက် ၊ ဆက်လက်ပြီး ပွဲလမ်းသဘင် ဖိတ်ကြားစာများအား
RSVP (အကြောင်းပြန်ကြားခြင်း)၊ လေယာဉ်ချိန် ကြည့်ရှုခြင်းနှင့် အခြားသတင်း အချက်အလက် ဖော်ပြမှုများကို မိမိ၏ Gmail inbox ကို စစ်ဆေး ကြည့်ရှုခြင်းနှင့် တပြိုင်နက် ပြုလုပ်နိုင်မည့် ‘quick action’ ခလုတ်များ ထပ်မံ ထည့်သွင်းပေးဦးမည် ဖြစ်သည်။ ‘quick action’ ခလုတ်များသည် သင်၏ Gmail inbox တွင် ရောက်ရှိနေမည့် သတ်မှတ်ထားသော သတင်း အချက်အလက်နှင့် အတူတကွ ယှဉ်တွဲ ပါလာမည် ဖြစ်သည်။

ဥပမာ သင့်ထံ ဖိတ်ကြားစာ တစ်စောင် ရောက်ရှိနေသည် ဆိုပါစို့။ သင်အနေဖြင့် ဖိတ်ကြားမှုအား လက်ခံမည် ၊ သို့မဟုတ် ငြင်းဆန်မည် စသည့်တို့ အကြောင်းပြန်နိုင်ရန် ‘quick action’ ခလုတ်နှိပ်ပြီး လုပ်ဆောင်နိုင်သည်။ ဖြစ်လာနိုင်စရာ ရှိသည့် အခြား စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အချက်မှာ Gmail inbox မှတဆင့် လေယာဉ်ချိန်များ ကြည့်ရှုကာ check-in ပြုနိုင်မည် ဆိုသည့် အချက်ပင် ဖြစ်သည်။ အမှန်တကယ် check-in ပြုနိုင်မည်/မပြုနိုင်မည် ဆိုသည်မှာ မသေချာသေးသော်လည်း သင့်အနေဖြင့် Gmail မှတဆင့် လေယဉ်ချိန်များကို ကြည့်ရှု စစ်ဆေးနိုင်မည်ဟု ဆိုသည်။ အဆိုပါ လုပ်ဆောင်ချက်သစ်ကို Gmail အသုံးပြုသူ အားလုံးထံ လာမည့် သီတင်းပတ် အနည်းငယ် အတွင်း အရောက်ပေးပို့ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

http://venturebeat.com/2013/05/16/gmail-gets-quick-action-buttons-that-l...

Samsung Galaxy S4 ၏ Google Edition အား ဇွန်လ ၂၆ ရက်နေ့တွင် ရောင်းချမည်

Samsung Galaxy S4 ၏  Google Edition ကို တရားဝင် ရောင်းချသွားမည် ဖြစ်သည်။ Android လည်ပတ် စနစ်သုံး
Samsung Galaxy S4 သိုလှောင်ပမာဏ 16GB ဗားရှင်းကို အမေရိကန်ဒေါ်လာ (၆၄၉) ဒေါ်လာဖြင့် ဇွန်လ (၂၆) ရက်နေ့တွင် ၀ယ်ယူရရှိနိုင်မည် ဖြစ်သည်။ Samsung ၏ အဆင့်မြင့် ဖုန်းဖြစ်သည့် Google Edition ဖုန်းကို GSM ၊ HSPA+ နှင့် LTE ကွန်ယက် စနစ်များ အတွင်း အသုံးပြုနိုင်ရန် unlocked ပြုလုပ်ပေးထားမည် ဖြစ်သည်။

ထို့ကြောင့် အမေရိကန် နိုင်ငံတွင် AT&T သို့မဟုတ် T-Mobile ကွန်ယက်များတွင် စာချုပ်မပါပဲ အသုံးပြုနိုင်မည် ဖြစ်သည်။ နောက်ဆုံးပေါ် ဖုန်းအများစုသည် carrier ကုမ္ပဏီ၏ အထောက်အပံ့ပေါ် မူတည်ပြီး ဈေးနှုန်း သတ်မှတ်ချက် အမျိုးမျိုးဖြင့် ၀ယ်ယူရလေ့ရှိကာ လူတိုင်းအတွက်တော့ မဟုတ်ပေ။ သို့သော် ယခု တစ်ကြိမ်တွင် သတ်မှတ်ဈေးနှုန်း ပေးဝယ်နိုင်သူ မည်သူမဆို ရရှိနိုင်မည် ဖြစ်သောကြောင့် Android ဖုန်းတစ်လုံး အတွက် ဈေးကွက်တွင် အကောင်းဆုံး အခွင့်အလမ်း တစ်ရပ် ဖြစ်နိုင်သည်။ Samsung ၏ TouchWiz interface သည် စွမ်းဆောင်ရည်ရှိကာ ရွေးချယ်စရာ အခွင့်အလမ်းများစွာကို ပေးနိုင်သော်လည်း စွဲဆောင်မှု သိပ်မရှိလှပေ။ လူအများစု အသုံးပြုလေ့ မရှိသော Samsung apps များကြောင့် system memory အများအပြား နေရာယူထားသည့် အတွက် 16GB Galaxy S4 သည် 9GB ထက်နည်းသော မှတ်ဥာဏ် နေရာလွတ်ကိုသာ ရရှိနိုင်ကြောင်း လူအများအား သတိပြုမိစေပါက ၄င်းအချက်သည် Samsung အတွက် ဖြေရှင်းရမည့် ပြဿနတစ်ရပ် ဖြစ်လာနိုင်သည်။

http://www.latinospost.com/articles/19274/20130516/samsung-galaxy-s4-goo...


Blackberry Q5 ဈေးကွက်ထဲသို့ ထိုးဖောက် ၀င်ရောက်ခဲ့

နည်းပညာ မြင့်မားသော်လည်း ဈေးနှုန်း သက်သာသော Blackberry Q5 စမတ်ဖုန်း အသစ်ကို ယနေ့တွင် ဈေးကွက်တွင်
မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ အသစ် ထွက်ရှိခဲ့သည့် အဆိုပါ စမတ်ဖုန်းသည် မျက်နှာပြင် ထိတွေ့နိုင်သည့် ၇.၉ စင်တီမီတာ ရှိသည့် ဖုန်းမျက်နှာပြင်ဖြင့် အသွင်သဏ္ဍာန်မှာပင် စမတ်ဖြစ်သည့် စမတ်ဖုန်း ဖြစ်သည်။

ယခင် Q10 မော်ဒယ်ကဲ့သို့ လက်ကွက် ပါဝင်ပြီး ဇန်န၀ါရီလက ထုတ်ခဲ့ပြီးသည့် BB10 လုပ်ဆောင်မှုနှင့် ဆင်တူသည်။ ယခုထွက်ရှိသည့် Blackberry Q5 သည် စမတ်ဖုန်း ပရိသတ် အကြိုက် တွေ့မည့်ဖုန်း ဖြစ်မည်ဟု ယုံကြည်ထားကြောင်း Blackberry ၏ အမှုဆောင် အရာရှိချုပ် Thorsten Heins မှ ဖလော်ရီဒါတွင် ပြုလုပ်ခဲ့သည့် an applications developer conference တွင် ပြောကြား မိတ်ဆက်ခဲ့သည်။ Blackberry Q5 သည် အနက် ၊ အဖြူ ၊ အနီနှင့်ပန်းရောင်များ ထုတ်လုပ်ထားပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၉၉ ဖြစ်သည်။

source- AFP

နောက်ထပ် အိုင်တီ နည်းပညာသတင်းများကိုပါ ယနေ့ မှစတင်ပြိး ဖော်ပြပေးသွားပါတော့ပါမည်။.


ဆော့ဝဲ့ ၊ ဂိမ်း ၊ နည်းပညာ ၊ ကဗျာ ၊ များနှင့် နောက်ထပ် အိုင်တီ နည်းပညာသတင်းများကိုပါ ယနေ့ မှစတင်ပြိး ဖော်ပြပေးသွားပါတော့ပါမည်။.

www.kaungminhtat.blogspot.com

Wednesday, May 29, 2013

Kaspersky Mobile Security 9.10.139 Android Latest







အခုကျနော်တို့ မြန်မာနိုင်ငံမှာ Mobile Security များမသုံးကြဒါတွေ့ ရပါတယ် ဒါကြောင့်ကျနော်တိုက်တွန်ချင်ပါတယ် သုံးကြည်ကြပါ ဘာလိုလဲဆိုတော့ဖုန်းမှာက ဓါတ်ပုံတွေ အရေးကြိးဒေတာတွေ ကို ဗိုက်ရစ်ပ် ကိုက်သွားရင်ဘယ်လောက်နစ်နားလဲဟုတ်တယ်မလား
ကျနော်တော့အကိုက်ခံရဖူးဒါကတော့ ဓါတ်ပုံတွေပါ တော်တော်လေးတော့ များတယ် ပြန်မရနိုင်တော့တဲ့ အမှတ်တရလေးတွေပေါ့ :(
သုံးကြည်ကြပေါ့ :P အောက်မှာ Downllaod ပုံလေးပြထားတယ်အဲ့ဒါလေးကိုကလစ်လိုက်ပါ
အဆင်မပြေရင် ပြောကြနော် ကျနော်ဘလော့မရေးဒါကြာနေပိအခုမှပြန်စရေးဖြစ်တော့ တယ် နောက်ပိုင်းလဲရေးဖြစ်တော့မယ်ထင်တယ် ကျနော် အလုပ်အားတယ်အချိန်လေးတွေပို့ နေပိလေး :)
 "KASPERSKY MOBILE SECURITY IS ONE OF THE BEST MALWARE PROTECTION SOLUTIONS" - AV-TEST.ORG*

Kaspersky Mobile Security delivers the latest security technologies to protect Android smartphones from viruses, Internet threats, phishing sites, spyware and spam. It includes easy-to-use, advanced privacy features and – if your phone is lost or stolen – you can remotely protect your data and find the location of your missing phone.


ANTIVIRUS PROTECTION AND MORE
• Automatic virus-scanning of apps
• Real-time, cloud-enabled protection – for rapid reaction to new and emerging threats
• On-demand and scheduled scans allow you to run antivirus scanning when it’s most convenient for you
• Over-the-air antivirus database updates – for minimal impact on performance
• Device Admin feature prevents unauthorised un-installation – so third-party apps and other users cannot access the Kaspersky Mobile Security application, without the secret code

WEB PROTECTION
• Blocks dangerous or malicious websites
• Alerts you about fraudulent or phishing websites that may try to steal your money or your identity

ANTI-THEFT PROTECTION
• Remotely block access to your Android smartphone if it's lost or stolen
• Remotely ‘wipe’ your phone – to delete your personal information
• Find your missing phone’s location – with GPS, Wi-Fi and Google Maps
• Block, clean or locate your missing phone – even if your SIM card has been replaced

CALL & SMS FILTERING
• Receive only the calls and texts that you want to receive
• Block unwanted calls and texts from unknown numbers

PRIVACY PROTECTION
• Control what others can see and access – whenever they pick up your phone
• Hide designated contacts, calls, SMS texts and logs – by just pressing a button

SUPPORTED LANGUAGES:
English, French, German, Russian , Portuguese, Finnish, Italian, Swedish, Danish, Dutch, Norwegian

SYSTEM REQUIREMENTS:
• Android 2.2 – 4.2
• Minimum screen resolution – 320x480

Brutal Legend-RELOADED FULL ISO - 2013

 nERv

Brutal Legend (c) Double Fine Prod

02/2013: RELEASE.DATE .. PROTECTION: Steam
1: DISC(S) .. GAME.TYPE: Action

Brutal Legend is an action-adventure that marries visceral action combat
with open-world freedom. Set in a universe somewhere between Lord of the
Rings and Spinal Tap, its a fresh take on the action/driving genre, which
in this case is full of imitation cover bands, demons intent on enslaving
humanity and Heavy metal tunes. Featuring the talents of comedian, actor
and musician, Jack Black as super roadie Eddie Riggs, as well as cameos by
some of the biggest names in metal music it's a wild ride in the belly of
the beast that is not to be missed by gamers and Metalheads alike



Included as a free bonus in the PC version of Brutal Legend are both the
Hammer of Infinite Fate and Tears of the Hextadon multiplayer map packs

1. Unrar
2. Burn or mount the image
3. Install the game
4. Copy the content from /Crack directory on the DVD to the
<install> directory of the game, overwriting the existing
files
5. Play the game
6. Support the software developers. If you like this game, BUY IT!












Part 1    Part 2    Part 3    Part 4    

Part 5    Part 6    Part 7    Part 8    

Part 9 

Windows 7 Genuine Activation RemoveWAT 2.2.6.0 NLT-Release

Windows 7 Genuine Activation RemoveWAT 2.2.6.0 NLT-Release 

 Removing Windows Genuine Activation – The very popular tool to date used by many to easily activate their Windows 7 installation, RemoveWAT is now updated to version 2.2.6.0 (NLT Release Edition). A really must have tool for everyone who frequently re-installing Windows OS on many computers / laptop. 


Tested and worked 100% . I will update this topic if have new version. 




Pass : bx54.blogspot.com