နည်းပညာ ဖွံ့ဖြိုးလာသည့် ကမ္ဘာကြီးတွင် နည်းပညာ လောက၌ ထိပ်ဆုံးရောက်ရန် အစဉ်ကြိုးပမ်းနေသည့် အချက်ကို ဖော်ထုတ်ပြသချင်သည့်
ရည်ရွယ်ချက်ဖြင့် တိုင်ဝမ် နည်းပညာ ကုမ္ပဏီဖြစ်သော HTC သည် ကမ္ဘာပေါ်မှ အမြင့်ဆုံး ထိုးထွက်နေသည့် ဧ၀ရက်တောင်ထိပ်သို့ ဗြိတိန် တောင်တက်သမား Daniel Hughes မှတစ်ဆင့် HTC One စမတ်ဖုန်းဖြင့် ဗွီဒီယိုခေါ်ဆိုမှု တစ်ရပ် ပြုလုပ်နိုင်ခဲ့သည်။
Hughes ၏ စွန်းစားခန်း စီမံချက် တစ်ခုဖြစ်သည့် ဧ၀ရက်တောင်တက်ပြီး ပေါင်တစ်သန်း ရရှိရေး စီမံချက် (Everest Million) သည် ပင်လယ်ရေမျက်နှာ့ပင် ၈,၈၄၈ မီတာ မြင့်မားသည့် ဧ၀ရက်တောင် အမြင့်စွန်း အစွန်းသို့ ရောက် ရှိရန် ဖြစ်သည်။ Hughes သည် BBC သတင်း ဌာနမှ Beeb နှင့် Youtube ဗွီဒိယိုနှင့် Tweeter တို့မှတစ်ဆင့် အင်တာဗျုး ဖြေဆိုခဲ့သည်။ ယခုအချိန်တွင် သူသည် ပေါင် ၄၀,၆၇၃ ကို ရရှိနေပြီဖြစ်ပြီး ရည်မှန်းချက် ပြည့်မှီရန် ဆက်လက် ကြိုးစားရဦးမည် ဖြစ်သည်။ သူသည် HTCOne ဖုန်းနှင့် Cobham ဒိန်းမတ် နည်းပညာ ကုမ္ပဏီမှ ပံ့ပိုးလိုက်သည့် Explorer 700 Inmarsat modem တစ်ခုတို့ဖြင့် ကမ္ဘာမြေပြင်နှင့် ဆက်သွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။
Friday, May 31, 2013
ဧ၀ရက် တောင်ထိပ်မှ ပထမဆုံး ဗွီဒီယို ခေါ်ဆိုမှု ပြုလုပ်ခဲ့သည့် HTC One
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment