Friday, May 31, 2013

အများပြည်သူ အင်တာနက် အသုံးပြုခွင့် ကန့်သတ်ချက်များ လျှော့ပေါ့သွားမည့် ကျူးဘားနိုင်ငံ

ကျူးဘားနိုင်ငံ အစိုးရသည် အများပြည်သူ အင်တာနက် အသုံးပြုခွင့်ကို များမကြာမီ တိုးမြှင့်ပေးမည် ဖြစ်သော်လည်း၊
အိမ်တွင်း အင်တာနက် အသုံးပြုခွင့်ကိုမူ ကန့်သတ်ထားဦးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇွန်လ (၄) ရက်နေ့မှ စတင်ကာ အင်တာနက် အသုံးပြုရန်နေရာ (၁၁၈) ခု သတ်မှတ်ပေးခဲ့ပြီး ၊ တစ်နာရီ အသုံးပြုခ (၄.၅) ဒေါ်လာ သို့မဟုတ် (၃) ပေါင်ခန့် သတ်မှတ်ကောက်ခံမည် ဖြစ်သည်။ ကျူးဘားနိုင်ငံတွင် တစ်လပျမ်းမျှ ၀င်ငွေ (၂၀) ခန့်သာ ရရှိကြပြီး ၊ ကမ္ဘာပေါ်တွင် အင်တာနက် အသုံးပြုခွင့် အနိမ့်ဆုံး နိုင်ငံများအနက် တစ်ခုဖြစ်သည်။ ကျူးဘား နိုင်ငံသား အများစုသည် အလုပ်ခွင် ၊ ကျောင်း သို့မဟုတ် ဇိမ်ခံဟိုတယ်များတွင်သာ အင်တာနက် ဆက်သွယ်နိုင် ကြမည် ဖြစ်သည်။

http://www.bbc.co.uk/news/world-latin-america-22696637

0 comments:

Post a Comment