Saturday, June 29, 2013

ကိုရီးယား KOICA နှင့်ပူးပေါင်း၍ IT နည်းပညာ သင်တန်းများ သင်ကြားပေး လျက်ရှိ

ကိုရီးယား အပြည်ပြည်ဆိုင်ရာ ဆောင်ရွက်ရေး အေဂျင်စီ KOICA ရဲ့ အထောက်အပံ့နဲ့ ကိုရီးယား လေကြောင်း အာကာသ တက္ကသိုလ်နဲ့ မြန်မာနိုင်ငံ
ကွန်ပျူတာ အသင်းချုပ်တို့ ပူးပေါင်းပြီး အိုင်တီ နည်းပညာ သင်တန်းများ သင်ကြား ပေးလျက် ရှိတယ်လို့ ဇွန်လ ၂၆ ရက်နေ့က MICTမှာ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။ ဒီလို ကိုရီးယား လေကြောင်း အာကာသ တက္ကသိုလ်နဲ့ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်တို့ ပူးပေါင်းပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ နည်းပညာနဲ့ ပတ်သက်ပြီး သင်တန်းများ စတင်ပို့ချပေး ခဲ့တာ ဖြစ်ပါတယ်။
 
ယခု ဇူလိုင် လဆန်းမှာ ထပ်မံ ဖွင့်လှစ် သင်ကြား ပေးမယ့် ဘာသာရပ်တွေ ကတော့ Database Course, Android Mobile Application Course နဲ့ Project Management Course အစရှိတဲ့ ဘာသာရပ် တွေကို သင်ကြား ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေး မှာလည်း ဇွန်လကုန်မှ စပြီး သင်ကြား ပေးမှာဖြစ်ပြီး သင်ကြား ပေးမယ့် ဘာသာရပ် တွေကတော့ Project Management Course နဲ့ Microcontroller အစရှိတဲ့ ဘာသာရပ် တွေကို သင်ကြား ပေးသွားမှာ ဖြစ်ပါတယ်။ သင်ကြား ပေးမယ့် ဆရာတွေ ကတော့ Korea Aerospace University မှ ပညာရှင် များနဲ့ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ ပညာရှင်များ ပူးပေါင်းပြီး သင်ကြား ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

0 comments:

Post a Comment