Friday, May 31, 2013

Blackberry Q5 ဈေးကွက်ထဲသို့ ထိုးဖောက် ၀င်ရောက်ခဲ့

နည်းပညာ မြင့်မားသော်လည်း ဈေးနှုန်း သက်သာသော Blackberry Q5 စမတ်ဖုန်း အသစ်ကို ယနေ့တွင် ဈေးကွက်တွင်
မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ အသစ် ထွက်ရှိခဲ့သည့် အဆိုပါ စမတ်ဖုန်းသည် မျက်နှာပြင် ထိတွေ့နိုင်သည့် ၇.၉ စင်တီမီတာ ရှိသည့် ဖုန်းမျက်နှာပြင်ဖြင့် အသွင်သဏ္ဍာန်မှာပင် စမတ်ဖြစ်သည့် စမတ်ဖုန်း ဖြစ်သည်။

ယခင် Q10 မော်ဒယ်ကဲ့သို့ လက်ကွက် ပါဝင်ပြီး ဇန်န၀ါရီလက ထုတ်ခဲ့ပြီးသည့် BB10 လုပ်ဆောင်မှုနှင့် ဆင်တူသည်။ ယခုထွက်ရှိသည့် Blackberry Q5 သည် စမတ်ဖုန်း ပရိသတ် အကြိုက် တွေ့မည့်ဖုန်း ဖြစ်မည်ဟု ယုံကြည်ထားကြောင်း Blackberry ၏ အမှုဆောင် အရာရှိချုပ် Thorsten Heins မှ ဖလော်ရီဒါတွင် ပြုလုပ်ခဲ့သည့် an applications developer conference တွင် ပြောကြား မိတ်ဆက်ခဲ့သည်။ Blackberry Q5 သည် အနက် ၊ အဖြူ ၊ အနီနှင့်ပန်းရောင်များ ထုတ်လုပ်ထားပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၉၉ ဖြစ်သည်။

source- AFP

0 comments:

Post a Comment