နည်းပညာ ဦးဆောင် ကုမ္ပဏီ တစ်ခုဖြစ်သည့် ဆိုနီ ကုမ္ပဏီသည် “Smartwatch” ကို တီထွင်ခဲ့ပြီး ယခုအခါ “SmartWatch 2” ကို
ဈေးကွက် တင်တော့မည် ဖြစ်သည်။ ဒီဇိုင်းနှင့် သွင်ပြင် လက္ခဏာမှာ ယခင် Smartwatch ထက် ပိုမို ထည်ဝါသည်ကို တွေ့ရမည် ဖြစ်သည်။
ထို့ပြင် ယခင် Smartwatch ၏ အဓိက အားနည်းချက် ဖြစ်သည့် တပ်ဆင်ရန် ခက်ခဲခြင်းနှင့် အချိန်ကိုက် တစ်ပြိုင်တည်း လုပ်ဆောင်ရန် မလွယ်ကူခြင်းတို့ကို “SmartWatch 2” ၏ အားသာချက်များ အဖြစ် ပြောင်းလဲထားသည်။ တယ်လီဖုန်းနှင့် အခြား application များကို ပြိုင်တူ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး Bluetooth ကိုလည်း ထည့်သွင်း ပေးထားသည်။ ဆိုနီ၏ “SmartWatch 2” ၏ ဈေးနှုန်းကို လတ်တလောတွင် မသတ်မှတ်ရသေးကြောင်း သိရသည်။ Apple နှင့် Samsung တို့မှ ထုတ်လုပ်သည့် Smartwatch များလည်း မကြာမီ ဈေးကွက်တွင် ပြသ ရောင်းချတော့မည်ဖြစ်ရာ Sony ကုမ္ပဏီမှ အခြား SmartWatch များ၏ ဈေးနှုန်းကို ပညာသားပါပါ စောင့်ကြည့်နေခြင်း ဖြစ်နိုင်ကြောင်း သိရသည်။
Source: indiatimes
Wednesday, June 26, 2013
ဆိုနီမှ မိတ်ဆက်ပေးမည့် SmartWatch 2 နာရီ
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment