လူကြိုက်များသော လမ်းကြောင်းပြ မြေပုံတစ်ခု ဖြစ်သော Waze ကုမ္ပဏီကို ဒေါ်လာ (၁) ဘီလီယံဖြင့် Google မှ ၀ယ်ယူခဲ့သည်။
ယခင်ကတည်းက အခြား ကုမ္ပဏီများစွာကလည်း Waze ကို ရယူရန် ကြိုးပမ်းခဲ့ဖူးသည်။ သို့သော် နောက်ဆုံးတွင် Google ကသာ ပန်းဝင်ခဲ့သည်။ ယခုအခါ Google သည် Waze အဖွဲ့နှင့် ပူးပေါင်းကာ Google မြေပုံတွင် Waze ၏ ထူးထူးခြားခြား လုပ်ဆောင်ချက်များ ပူးပေါင်း ထည့်သွင်းသွားနိုင်ရန် ဆောင်ရွက်လျှက် ရှိသည်။
Waze ကို ကမ္ဘာပေါ်ရှိ လူ (၄၇) သန်းကျော်က နှစ်ခြိုက်စွာ အသုံးပြုလျှက်ရှိကာ ၄င်းကဲ့သို့ အမျိုးအစား app များတွင် အကောင်းဆုံး အဖြစ် ရပ်တည်လျှက် ရှိသည်။ Waze အသုံးပြုသူများသည် အချိန်နှင့် တစ်ပြေးညီ လမ်းခရီးဆိုင်ရာ သတင်း အချက်အလက်များကို ရယူနိုင် သိရှိနိုင်ပြီး ၊ အဆိုပါ သတင်း အချက်အလက်များက ယဉ်ကြော ရှုပ်ထွေးမှုနှင့် ယဉ်တိုက်မှုများကို ရှောင်ရှားစေနိုင်သည်။ ကုမ္ပဏီသည် အစ္စရေး အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်ကာ ၄င်းအား Google မှ ၀ယ်ယူခဲ့သော်လည်း Waze အဖွဲ့သည် ၄င်းတို့၏ မူလ နေရာမှနေ၍ အလုပ်များ ဆက်လက် လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။
http://www.captees.com/7925-google-buys-waze-the-traffic-map-app-for-1-b...
Thursday, June 20, 2013
လမ်းကြောင်းပြ app တစ်ခုဖြစ်သော Waze ကို ဒေါ်လာ ၁ ဘီလီယံဖြင့် ၀ယ်ယူခဲ့သည့် Google
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment