လူတိုင်း ရင်းနှီးပြီးသား သွင်ပြင်လက္ခဏာ တစ်ခုဖြစ်သည့် Start ခလုတ်ကို Windows "Blue" update တွင် ပြန်လည် ထည့်သွင်း ပေးသွားမည် ဖြစ်ကာ
၎င်းသည် Windows အသုံးပြုသူများ မှတ်မိ သိရှိထားသည့် ပုံစံမျိုး မဟုတ်ကြောင်း သိရသည်။
လပေါင်းများစွာ ကောလဟာလများ ထွက်ပေါ်ခဲ့ပြီးနောက် နောက်ဆုံး Windows 8 ကို အဆင့်မြှင့်တင်ခဲ့သော Windows "Blue" ခေါ် ဗားရှင်း 8.1 တွင် Start ခလုတ် ပြန်လည် ထည့်သွင်း ပေးသွားမည် ဖြစ်ကြောင်း Microsoft မှ တရားဝင် ကြေညာခဲ့သည်။ လူတိုင်း ရင်းနှီးပြီးသား Windows logo ဖြင့် ဖော်ပြပေးနိုင်မည့် Start 'tip' တစ်ခုအသွင် ဖြစ်ပြီး ၊ အသုံးပြုသူသည် mouse ကို လက်ဝဲဖက် အောက်ခြေထောင့်နေရာသို့ ရွှေ့သွားလျှင် အဆိုပါ Start 'tip' အား တွေ့မြင်နိုင်မည် ဖြစ်သည်။ desktop ပေါ်တွင်မူ ၄င်းအား အစဉ်အမြဲ တွေ့မြင်နိုင်မည် ဖြစ်ကြောင်း Windows Program စီမံခန့်ခွဲမှု ကော်ပိုရိတ် ဒုတိယ ဥက္ကဌ Antoine Leblond က မေလ (၃၀) ရက်နေ့တွင် ဘလော့ပို့စ် တစ်ခုတွင် ပြောကြားခဲ့သည်။
http://www.bbc.co.uk/news/technology-22714048
Saturday, June 1, 2013
Start ခလုတ် ပြန်လည် ထည့်သွင်းထားသည့် Windows 8.1
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment