မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် MCF နဲ့ ဂျပန်နိုင်ငံ CIESF တို့ ပူးပေါင်းပြီး ပြုလုပ်မယ့် IT Business Plan Contest 2013 ကို ၀င်ရောက်
ယှဉ်ပြိုင်မယ့် သူတွေ အနေနဲ့ ဇွန်လ ၁၅ ရက်နေ့မှာ နောက်ဆုံး ထားပြီး ပရောဂျက် Plan တွေကို ကွန်ပျူတာ အသင်းချုပ် MCF သို့ တင်သွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြိုင်ပွဲ ပြုလုပ်မှုဟာ တတိယ အကြိမ်မြောက် ကျင်းပတာ ဖြစ်ပြီး ပြည်တွင်းမှ အိုင်တီ လုပ်ငန်း ဖွံ့ဖြိုး တိုးတက် လာစေဖို့နဲ့ နည်းပညာ အသစ်အဆန်းများ ပေါ်ထွက် လာစေဖို့ အပြင် စွန့်ဦးတီထွင် ဖန်တီးလိုတဲ့ လူငယ် လူရွယ်တွေရဲ့ အရေအသွေး တွေကို ပြသနိုင်စေဖို့ အတွက် ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။
ဝင်ရောက် ယှဉ်ပြိုင်လိုသူတွေ အနေနဲ့ ပြိုင်ပွဲဝင် လျှောက်လွှာ ပုံစံတွေကို mcfmyanmar.org မှာ download ရယူနိုင်ပြီး ပြိုင်ပွဲမှာ ပထမဆု အနေနဲ့ အမေရိကန် ဒေါ်လာ ၃၀၀၀၊ ဒုတိယဆု အမေရိကန် ဒေါ်လာ ၂၀၀၀ နဲ့ တတိယဆု အမေရိကန် ဒေါ်လာ ၁၀၀၀ တန်ဖိုးနဲ့ညီမျှတဲ့ ဆုတွေကို ပေးသွားဖို့ ရှိတာ ဖြစ်တယ်လို့ သိရှိရပါတယ်။
Monday, June 3, 2013
IT Business Plan Contest 2013ကို ဇွန်လ ၁၅ ရက်နေ့တွင် နောက်ဆုံးထား တင်သွင်းရမည်
4:13 AM
No comments
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment