Apple သည် Samsung အား ယှဉ်ပြိုင်နိုင်ရန် အရွယ်အစား ကြီးမားသော iPhone များနှင့် ဈေးသက်သာသော ရောင်စုံ iPhone များ ထုတ်လုပ်ရန်
စဉ်းစားလျှက် ရှိသည်ဟု ဆိုသည်။ ဈေးကွက်တွင် တောင်ကိုရီးယား ကုမ္ပဏီ၏ ဖိအား တစ်နေ့တစ်ခြား တိုးပွားလာနေသည့် အတွက် ယခုကဲ့သို့ အပြောင်းအလဲလုပ်ရန် တိုင်ပင် ဆွေးနွေးလျှက် ရှိကြောင်း Reuters သတင်း ဌာနက ပြောကြားခဲ့သည်။
ထုတ်လုပ်ရန် ရည်ရွယ်ထားသည့် iPhone ဗားရှင်း အသစ်များ၏ အရွယ်အစားမှာ (၄.၇) လက်မ အရွယ်နှင့် (၅.၇) လက်မ အရွယ်တို့ အသီးသီးဖြစ်ကြောင်း သိရသည်။ iPhone 5 သည် ယခင် (၃.၅) လက်မ screen အရွယ်အစား ဖုန်းများနှင့် ယှဉ်လျှင် ပိုမို ကြီးမားလာသည် မှန်သော်လည်း ဈေးကွက်တွင်မူ အခြားဖုန်းများထက် အရွယ်အစား သေးငယ်နေသေးသည်။ Apple သည် တဖြည်းဖြည်း ဖွံ့ဖြိုးလာသော phablet ဈေးကွက်သို့ ၀င်ရောက်ရန် ခြေလှမ်းပြင် သည်လည်း ဖြစ်နိုင်သည်။ ကုမ္ပဏီသည် ယခုနှစ်အတွင်း ဖုန်းမော်ဒယ် နှစ်မျိုး ထုတ်လုပ်သွားမည်ဟု ဆိုသည်။ တစ်မျိုးမှာ လက်ဗွေစနစ် နည်းပညာသစ် ပါဝင်မည် ဖြစ်ကာ ၊ နောက်တစ်မျိုးသည် ပလစ်စတစ် အိမ်ခွံဖြင့် ပြုလုပ်ထားကာ ဈေးသက်သာသော ဗားရှင်း ဖြစ်ကြောင်း သိရသည်။
http://www.foxnews.com/tech/2013/06/13/apple-reportedly-considering-crea...
Tuesday, June 18, 2013
ပိုမို ကြီးမားပြီး ၊ ဈေးသက်သာသော iPhone များ တီထွင်သွားရန် Apple စဉ်းစား
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment