Tuesday, June 25, 2013

ဝေဖန်အကြံပြုချက် (comments) များတွင် ဓါတ်ပုံများ ထည့်သွင်းနိုင်အောင် Facebook လုပ်မည်

သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် လုပ်ဆောင်ချက် အသစ်တစ်ခု ထုတ်ဖေါ် ပြသသွားမည်ဟု ကတိပြုခဲ့ပြီးနောက် Facebook သည်
၎င်း၏ ၀က်ဘ်စာမျက်နှာများကို အနည်းငယ် ပြင်ဆင်မှု ပြုလုပ်ခဲ့သည်။ ရုပ်ပုံတစ်ခုသည် စကားလုံး တစ်ထောင်ကို ပြောနိုင်စွမ်း ရှိသည် ဆိုသည့်အတိုင်း Facebook အသုံးပြုသူများအတွက် ၀မ်းမြောက်ဖွယ် လုပ်ဆောင်ချက် တစ်ခုကို ထည့်ပေါင်း ထည့်ပေးခဲ့သည်။

၎င်းမှာ ဝေဖန် အကြံပြုချက် (comments) များ ရေးသားရာတွင် အသုံးပြုသူများက ဓါတ်ပုံများ ထည့်သွင်းနိုင်မည့် လုပ်ဆောင်ချက်ပင် ဖြစ်သည်။ comment panel ရှိ ကင်မရာ ပုံစံလေးကို နှိပ်ပြီး ဓါတ်ပုံများ ထည့်သွင်းနိုင်မည် ဖြစ်သည်။ အဆိုပါ ထည့်သွင်းထားသော ပုံကို ကလစ်ပြုလုပ်ပြီး ပိုမိုကြီးမားသော ဓါတ်ပုံ အရွယ်အစားဖြင့် ကြည့်ရှုနိုင်သော်လည်း ၊ ၄င်းဓါတ်ပုံပေါ်တွင် comments များ ထည့်သွင်းနိုင်မည်တော့ မဟုတ်ပေ။ ယခုအခါတွင် မိမိမိတ်ဆွေ သူငယ်ချင်းများ၏ status messages များနှင့် အုပ်စုလိုက် ရေးသားသော ပို့စ်များတွင်သာ ပြုလုပ်နိုင်ဦးမည် ဖြစ်ကြောင်း သိရသည်။

http://tech2.in.com/news/social-networking/facebook-rolls-out-ability-to...

0 comments:

Post a Comment