တရုတ် နိုင်ငံ၏ ဒုတိယ အမျိုးသမီး အာကာသယဉ်မှုး ဖြစ်သည့် Wang Yaping သည် တရုတ်ကျောင်းသူ ကျောင်းသားများအား ကမ္ဘာကြီး၏ ဆွဲငင်အားနှင့်
ပတ်သက်သည့် သင်ခန်းစာအား အာကာသပေါ်မှ လက်တွေ့ တိုက်ရိုက် သင်ပြပေးခဲ့သည်။
မ္ဘာမြေကြီးနဲ့ မိုင် ၂၀၀ ကျော် Tiangong-1 အာကာသ စူးစမ်းရေး စခန်းပေါ်မှ ဘေဂျင်းမြို့ ကျောင်းတစ်ကျောင်းမှ ကျောင်းသူ ကျောင်းသားများ၏ မေးခွန်းများအား အာကာသယာဉ်မှုး Wang Yaping မှ ပြန်လည် ဖြေကြားပေးခဲ့ပြီး ကမ္ဘာ့ဆွဲငင်အား မရှိသည့် နေရာ များတွင် အရာဝတ္ထုများ မည်သို့ တုံ့ပြန် လှုပ်ရှားသည်ကိုလည်း လက်တွေ့ ပြသ သင်ကြားပေးခဲ့သည်။ တရုတ်နိုင်ငံ၏ ပထမဆုံးအကြိမ် အာကာသပေါ်မှ တိုက်ရိုက် စာသင်ကြားမှုအား တရုတ်နိုင်ငံ တစ်ဝှမ်းမှ ကျောင်းသူကျောင်းသားများ ၊ ဆရာဆရာမပေါင်း သန်း ၆၀ ကျော်မှ ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
Source: xinhua
Tuesday, June 25, 2013
တရုတ် ကျောင်းသားများအား ကမ္ဘာ့ဆွဲငင်အား သင်ခန်းစာကို အာကာသထဲမှ တိုက်ရိုက် သင်ကြားပို့ချ ပေးခဲ့သည့် တရုတ် အာကာသယဉ်မှုး Wang Yaping
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment