တရုတ်နိုင်ငံမှ စူပါ ကွန်ပြူတာ တစ်လုံးသည် အချက်အလက် ကောက်ယူ စစ်တမ်းများအရ ကမ္ဘာ့ အမြန်ဆုံး ဖြစ်ကြောင်း
ဇွန်လ (၁၇) ရက်နေ့က ကြေညာခဲ့သည်။ ယခုအခါ အမေရိကန် နိုင်ငံရှိ ကွန်ပြူတာသည် ဒုတိယ နေရာသို့ လျှောကျ သွားခဲ့သည်။
Tianhe-2 (ထိရန်ဟိ-၂) ဟု အမည်ပေးထားသော စူပါ ကွန်ပြူတာကို တရုတ် အမျိုးသား ကာကွယ်ရေး နည်းပညာ တက္ကသိုလ်မှ တီထွင်ခဲ့ပြီး ၊ စမ်းသပ်မှုများ အရ တစ်စက္ကန့်လျှင် (၃၃.၈၆) ပီတာဖလော့ဖ်စ် (၁၀၀၀ ထရီလီယမ် တွက်ချက်မှုနှုန်း) ဖြင့် စွမ်းဆောင်နိုင်ကြောင်း တွေ့ရှိရပြီး ၊ ထိပ်တန်း စူပါကွန်ပြူတာ (၅၀၀) ကျော် စစ်တမ်း ကောက်ယူမှု အနက် ၄င်းမှာ နံပါတ်တစ် ဖြစ်သည်။ ၄င်း၏ အဓိက ပြိုင်ဖက်မှာ အမေရိကန် နိုင်ငံမှာ ဒီဇိုင်း ထုတ်လုပ်ထားသော Titan အမည်ရှိ စူပါကွန်ပြူတာ ဖြစ်ကာ တစ်စက္ကန့်လျှင် (၁၇.၅၉) ပီတာဖလော့ဖ်စ် နှုန်းဖြင့် တွက်ချက်နိုင်စွမ်း ရှိကြောင်း စစ်တမ်း ကောက်ယူသော ၀က်ဘ်စာမျက်နှာတွင် ဖော်ပြထားသည်။ ကမ္ဘာ့ အမြန်ဆုံး ကွန်ပြူတာ (၁၀) လုံးအနက် (၅) လုံးမှာ အမေရိကန် နိုင်ငံတွင် ရှိပြီး ၊ ကျန် (၅) လုံးမှာ တရုတ် နိုင်ငံတွင် (၂) လုံး ၊ ဂျာမနီတွင် (၂) လုံးနှင့် ဂျပန်တွင် (၁) လုံးတို့ အသီးသီး ဖြစ်ကြကြောင်း သိရသည်။
Source: CNA
Thursday, June 20, 2013
ကမ္ဘာ့ အမြန်ဆုံး တရုတ် စူပါကွန်ပြူတာ
Subscribe to:
Post Comments (Atom)







ကမ္ဘာ့ အမြန်ဆုံး တရုတ် စူပါကွန်ပြူတာ Myanmar It Placemyanmar It Place >>>>> Download Now
ReplyDelete>>>>> Download Full
ကမ္ဘာ့ အမြန်ဆုံး တရုတ် စူပါကွန်ပြူတာ Myanmar It Placemyanmar It Place >>>>> Download LINK
>>>>> Download Now
ကမ္ဘာ့ အမြန်ဆုံး တရုတ် စူပါကွန်ပြူတာ Myanmar It Placemyanmar It Place >>>>> Download Full
>>>>> Download LINK